Zebra
ငါးလေးတွေလဲမွေးချင်တယ်မမွေးတတ်လို့သေသွားမှာလဲစိုးရိမ်တယ် အဲ့တော့ အကြမ်းခံပြီး အလုပ်သိပ်မရှုပ်တဲ့ငါးအမျိုးအစားလေးပြောပြပါဆို Zebra ငါးအမျိုးအစားလေးကိုပဲ ညွှန်ပြပေးလိုက်ပါတယ်
Zebra fish တွေက ဘယ်ဒေသတွေမှာအများဆုံးတွေ့ရလဲဆိုတော့ အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန် /အိန္ဒိယ/ ဘင်္ဂလားဒေရှ့် / နီပေါ နဲ့ မြန်မာနိုင်ငံ တွေပဲဖြစ်ပါတယ်
Zebra fish လို့ဘာကြောင့်ခေါ်ရတာလဲဆိုတော့ ခန္ဓာကိုယ်ပေါ်မှာပါတဲ့ စင်းကြောင်းတွေဟာ မြင်းကျား နဲ့တူလို့တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်
ရေအမျိုးအစား = သဘာဝပတ်ဝန်းကျင်ထဲမှာဆိုရင် ရေစီးဆင်းနေတဲ့အမျိုးအစားကို ကြိုက်နှစ်သက်ကြပါတယ် ဒါကြောင့်ငါးကန်အတွင်းမှာဆိုရင် ရေစီးဆင်းတဲ့ပုံစံရအောင် hand on filter or internal filter / top filter စတာတွေကိုတပ်ဆင်ပေးရပါမယ် ဒါပေမဲ့ ကန်ကျဉ်းပြီးငါးအရွယ်အစားသေးမယ်ဆိုရင် hang on filter အမျိုးအစားပဲသင့်တော်ပါတယ်
ရေ Ph value and Temperature = ရေPh 6.5 – 7.2 ဟာသူတို့ပျော်ရွှင်တဲ့phဖြစ်ပြီး အပူချိန်ကတော့ 65°F to 77°F ထားပေးရပါမယ်
ကန်အကျယ်အဝန်း = Zebra fish လေးတွေဟာ အလွန်ကိုအကြမ်းခံကြပါတယ် ကန်အရွယ်အစားအားဖြင့် 5gal ကန်အရွယ်အစားနဲ့တောင်မွေးလို့ရပါတယ် ဒါပေမဲ့ ငါးဆိုတာ ရေပြင်ကျယ်ကျယ်မှာ ကူးခတ်ရတာကို ပိုသဘောကျတဲ့အတွက် ကန်အရွယ်အစားကို ချဲ့ပေးနိုင်သမျှ ချဲ့ပေးတာဟာ အကောင်းဆုံးဖြစ်ပါတယ် နောက် Zebra fish တွေက ကန်အပြင်ဘက်ကို ခုန်နိုင်တဲ့အတွက်ကြောင့် ကန်ကိုဖုံးပေးထားခြင်းအားဖြင့် ကာကွဟ်ပေးနိုင်ပါတယ်
အုပ်စုဖွဲ့နေထိုင်နိုင်မှုရှိမရှိ = Zebra fish တွေဟာ အုပ်စုဖွဲ့နေထိုင်နေရတာကိုသဘောကျပါတယ် ဒါကြောင့် အနည်းဆုံးတော့ အကောင်ရေ၅ကောင် မွေးသင့်ပါတယ် ဒီလိုမှမဟုတ်ဘူးဆိုရင် ကြောက်လန့်ပြီး အခြားငါးတွေကို ရန်လိုတိုက်ခိုက်တတ်ပါတယ်
အကြီးဆုံးအရွယ်အစား = 5 – 7 cm
အစာကျွေးမှု = Zebra fish တွေက အလွန်ကိုအစားကြီးကြပါတယ် ဘယ်ချိန်ကျွေးကျွေးအမြဲဆာလောင်နေကြပါတယ်
သူတို့ပါးစပ်တွေဟာ သေးငယ်တဲ့အတွက်ကြောင့် သီးသန့်ထုတ်ထားတဲ့ အစာအမှုန်လေးတွေကိုကျွေးပေးရပါမယ် အခြား ရေတီ ပိုးလောက်လန်း ရေညှိ insect စတာတွေကိုလဲကြိုက်နှစ်သက်ကြပါတယ်
ထိန်းသိမ်းဂရုစိုက်ပေးမှု = တစ်ပါတ်တစ်ခါကန်သန့်ရှင်းရေးနှင့် ရေလဲပေးမှုကိုပုံမှန်ပြုလုပ်ပေးရပါမယ်
tankmate = Zebra fish တွေက fancy ငါးတော်တော်များများနဲ့တွဲမွေးလို့ရပါတယ် ဥပမာ tigerbarb / rosebarb / swordtail / red tail shark etc.…
အထီးအမခွဲခြားမှု = အထီးရဲ့ဝမ်းဗိုက်နဲ့ခန္ဓာကိုယ်ဟာရှည်လျားပြီး အမရဲ့ဝမ်းဗိုက်ကတော့ လုံးဝန်းပြီးဖောင်းနေပါတယ်
သားဖောက်ပုံ = တကယ်လို့သင်က ငါးသားဖောက်တာကို စတင်လေ့လာခြင်တယ်ဆိုရင် ဒီzebra fish လေးတွေနဲ့စတင်သင့်ပါတယ် သားဖောက်နည်းတွေက လွယ်ကူရိုးရှင်းပါတယ် မှတ်သားလွယ်ပါတယ်
ပထမဆုံးဖောက်ကန်ကိုပြင်ဆင်ပေးရပါမယ် ငါးပေါက်ကလေးတွေကိုပြန်စားတဲ့ရန်မှကာကွယ်ပေးရန် ကန်ရဲ့အောက်ခြေမှာကျောက်စရစ်ခဲလေးတွေလက်မဝက်ခန့်ခင်းပေးရပါမယ် ပြီးရင် အထီးအမ သီးသန့်ထည့်ထားတဲ့ငါးတွေကို အစာစိုကျွေးရပါမယ် နောက် ဖောက်ကန်ထဲထည့်ပြီး သားဖောက်လို့ရပါပြီ အမဥကျပြီးတာနဲ့ အထီးအမကို ကန်ထဲကမြန်မြန်ထုတ်ရပါမယ် ဒါမှ ဥပြီးသားဥတွေကိုပြန်ရှာမစားမှာပါ
ဖောက်ကန်ထဲက ဥတွေဟာ 48နာရီအတွင်းမှာ သားလောင်းဘဝသို့ရောက်ရှိပါမယ်
အကောင်ပေါက်များကို အာတီးမီးယား ငုံးဥအနှစ် စတာတွေကျွေးနိုင်ပါတယ်
မှတ်ချက်။ ။ ထိန်းသိမ်းရလွယ်ကူပြီး အစာကျွေးရန်လွယ်ကူမှု သားဖောက်ရန်လွယ်ကူမှုတွေကြောင့် ခုမှစပြီး ငါးစမွေးမည့်သူများနှင့် ငါးသားဖောက်ရန်ဝါသနာပါသူများအတွက်သင့်တော်ပါတယ်
Post a Comment