Rosy Barb

 


Rosy Barb ခန္ဓာကိုယ်မှာ နှင်းဆီအနီရောင်သကဲ့သို့ အရောင်ခြယ်သထား၍ Rosy barb ဆိုတဲ့နာမည်တွင်နေတာပါ

သူ့သဘာဝကတော့ ရေစီးဆင်းနေတဲ့ မြစ်တွေချောင်းတွေထဲမှာရှင်သန်နေထိုင်ကြပါတယ်

ထူးခြားချက်ကတော့ သူတို့ဟာ ပျော်ရွှင်မှုနဲ့ ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီး အရောင်တွေတောက်ပနေကြပါတယ်

သူတို့ကိုမွေးမြူဖို့အတွက် ကုန်ကျစရိတ်နဲ့အချိန်ပေးနိုင်မှုလဲ နည်းပါးတဲ့အတွက် ငါးချစ်သူအများစုကြားမှာရေပန်းစားကျော်ကြားနေတဲ့ငါးလေးတစ်မျိုးပဲဖြစ်ပါတယ်

အကယ်၍ သင်သာဒီလိုငါးလေးပိုင်ဆိုင်ခဲ့ရင်ရော ??? ဘာတွေလိုအပ်မလဲဆိုတာနဲ့ ဘယ်လိုပြုစုပေးရမလဲဆိုတာကို အောက်ပါဖော်ပြချက်တွေကို လေ့လာသင်ယူကြပါဦးဗျာ*မူလဇာတိ = အိန္ဒိယအရှေ့ပိုင်း/ အရှေ့တောင်အာရှနိုင်ငံများနှင့် အခြားနိုင်ငံအများစုမှာရှိတဲ့ စီးဆင်းနေသော မြစ်ချောင်းများတွင်ရှင်သန်ပေါက်ဖွားကြပါတယ် ( စင်္ကာပူ/ သြစတေးလျ / မက်စီကို / ကိုလံဘီယာ စတဲ့နိုင်ငံများမှာတော့ လူကြိုက်အများဆုံးအဖြစ်ထင်ရှားနေပါတယ် )*ရေအမျိုးအစား = ဘယ်ရေမျိုးတွင်မဆို ရှင်သန်နိုင်ပါတယ်

ရေရဲ့ အပူချိန်နည်းလေ ပိုပျော်၍ အရောင်တောက်ပနိုင်လေဖြစ်ပါတယ်

*ကန်အရွယ်အစား = 2′ 1′ ကန်နဲ့မွေးမြူနိုင်ပါတယ်*Temp/Ph = 18°C – 22°C ( vary ) / 6.5 – 7.5*အကြီးဆုံးဆိုဒ် = 10cm ( သဘာဝထဲမှာဆိုလျှင် 14 cm ခန့်အထိ ကြီးနိုင် )*သက်တမ်း = ပျမ်းမျှ ၅နှစ်ခန့်*အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = မျိုးတူခြင်း အုပ်စုလိုက်ထားနိုင်လျှင်ပိုအဆင်ပြေပါတယ် ( အနည်းဆုံး 6 ကောင်ခန့် )*Tankmate = အခြားငါးများနှင့်အတူထားမည်ဆိုပါက ဆိုဒ်တူ၍ အမြှီးအတောင်တိုသောလျင်မြန်မှုရှိသော ငါးများနှင့်သာ တွဲမွေးသင့်ပါတယ် ( e.g zebra / molly / tiger barb etc… )*အစားအစာ = အစာခြောက် / ရေတီ / အာသီးမီးယား / ပိုးလောက်လန်း etc…*ထိန်းသိမ်းဂရုစိုက်မှု = biofilter တပ်ဆင်ပေးရန်လိုအပ်ပြီး /တစ်ပါတ်တစ်ခါ ရေ ၂၅% လဲပေးရန်လိုအပ်ပါတယ်*အထီးအမခွဲခြားခြင်း = အထီးအမခွဲခြားမှုက ငယ်ရွယ်စဉ်မှာ ခက်ခဲပါတယ် အရွယ်ရောက်လျှင် အထီးသည်အမထက် အရောင်ပိုတောက်ပ၍ ခန္ဓာကိုယ်သေးပါတယ်

အမကတော့ ဝမ်းဗိုက်ဟာပို၍ လုံးဝန်းပါတယ်*သားဖောက်ခြင်း = အရွယ်ရောက်ပြီး အထီးအမတစ်စုံကို သပ်သပ်ခွဲကာ အစာစိုကိုလုံလောက်စွာကျွေးပေးရပါမယ် ( about 1week )

ထို့နောက် ရေအမြင့် 15cmထက်မပိုသော သားဖောက်ကန်ထဲတွင် သက်ရှိ အပင်များ ( e.g ရေမှော် / စက်ဝိုင်းမှော် ) or ကျောက်စရစ်များခင်းခြင်း or ဇကာစခင်းကာ အထီးအမကိုလွှတ်ပေးရပါမယ် ဥများကို ၁ပါတ်အတွင်း ဥချပါလိမ့်မည် တကယ်လို့ တစ်ပါတ်အတွင်း ဥမကျပါက အမ သို့ အထီးအမ၂ကောင်လုံးအား ပြောင်းဖောက်ရပါမယ်

ဥကျပြီးသောဥများသည် အောက်ခံ အပင်ကြား / ကျောက်စရစ်အကြား / ဇကာစများအကြားသို့ကျကာ အထီးအမများပြန်စားခံရခြင်းမှကင်းလွတ်ပါလိမ့်မည်

ဥပြီးသော အထီးအမအား ကန်ထဲမှ ဖယ်ထုတ်ပေးရပါမယ်

ထိုဥများသည် ၃ရက်အတွင်း ဥခွံကျွတ်သောငါးမှုန်အဖြစ်သို့ပြောင်းလဲလာပါလိမ့်မည် ရေကောင်းစွာကူးတတ်သော ငါးမှုန်များအား အာသီးမီးယား / ရေပိုး / ရေတီ / အင်ဆိုဖြူရီးယား စသည်တို့ကျွေးကာ ရေပုံမှန်လဲပေးခြင်းဖြင့် အရွယ်ရောက်လာပါလိမ့်မည်*ကန်အပြင်အဆင် =အပင်ကန်ဆိုပို၍ သင့်တော်ပါတယ် ဒါမှမဟုတ် နောက်ခံ အနက် အောက်ခံ ကျောက်စရစ်များနှင့် မီးကိုပန်းရောင် အပြာရောင်စသည်ဖြင့် ထွန်းပေးထားပါက ပို၍ အရောင်တောက်ပစေပါတယ်*ဆောင်ရန်ရှောင်ရန် = ငါးကန်အားအဖုံးပိတ်ရန်မမေ့ပါနဲ့

Rosy barb မျာ ကူးခက်မှုမြန်ဆန်သလို ခုန်ထွက်နိုင်ပါတယ်#

မှတ်ချက် ။ ။ Beginner သမားများအတွက် သင့်တော်တဲ့ငါးအမျိုးအစားဖြစ်ပါတယ်