Pelco Fish (စုပ်ခွက်ငါး)
Pelco Fish
ငါးမွေးသူအများစုကြုံတွေ့နေရတဲ့ပြဿနာကတော့ အကြည့်ရဆိုးလှတဲ့ရေညှိပြဿနာပဲဖြစ်ပါတယ်
ဒီပြဿနာတွေကိုဘယ်လိုနည်းနဲ့ဖြေရှင်းကြမလဲ
ရေညှိသတ်တဲ့ chemical ဆေးတွေသုံးမလား ဒါမှမဟုတ်ရေညှိတွေကိုစားတဲ့ ငါးတွေခရုတွေထည့်မလားဆိုးပြီး နည်းလမ်း၂မျိုးရှိပါတယ် ကျွန်တော်သာဆိုရင်တော့ chemical ဆေးတွေကိုသုံးမဲ့အစား အန္တရာယ်နည်းတဲ့ရေညှိစားငါးတွေခရုတွေပဲထည်ု့ဖြစ်မှာပါ ဒါဆို ရေညှိစား ငါးခရုတွေထဲက အလှမွေးငါးစျေးကွက်မှာ အလွယ်တကူနဲ့ပေါပေါလောလော တွေ့ရတဲ့ ငါးဖြစ်တဲ့ Pelco fish ( စုပ်ခွက်ငါး ) အကြောင်းကိုတင်ပြပေးလိုက်ပါတယ် လေ့လာကြည့်ကြပါဦးဗျာ
Pelco Fish ဆိုတာဘာလဲ ?
တကယ်တော့ Pelco fish ဆိုတာကလဲ catfish မျိုးနွယ်ပဲဖြစ်ပါတယ်
စျေးကွက်တွေမှာအတွေ့ရအများဆုံးဖြစ်တဲ့ pelco fish တွေကတော့ Sailfin Pelco, Bristlenose Pelco, Suckermouth Pelco တွေပဲဖြစ်ပါတယ်
စျေးကွက်မှာ စပြီးရောင်းကြတဲ့အရွယ်အစားတွေက1" - 3" လောက်ဆို ရောင်းလို့ကောင်းတဲ့အရွယ်အစားတွေပဲဖြစ်ပါတယ်
ဒီpelco fish တွေဘယ်မှာစတင်ပေါ်ပေါက်ခဲ့လဲဆိုတော့ အမေရိကတိုက်ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းကနေစတင်ပေါ်ပေါက်ခဲ့ကြတဲ့ငါးအမျိုးအစားတွေဖြစ်ပါတယ်
သူတို့ကို အလှမွေးငါးကန်ထဲမှာဆို နေ့ဘက်တွေမှာငြိမ်နေတာတွေ့ရပြီး ညဘက်ရောက်မှအစားအစာကို ရှာဖွေစားသောက်ကြပါတယ်
နောက် pelco fish တွေဟာ အကြမ်းခံနိုင်ပြီး အလွန်သန်မာတဲ့ငါးအမျိုးအစားဖြစ်ပါတယ် တချို့pelco fish ဟာဆိုရင် အသက် 20-30 yrs ထိနေနိုင်ကြပါတယ်
Pelco fish တွေဟာ အရောင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ရှိကြပါတယ်
Pelco fish ငါးအများစုရဲ့ ပါးစပ်ဟာ ထူးခြားစွာခေါင်းပိုင်းရဲ့အောက်မှာတည်ရှိပါတယ် ဒီပါးစပ်တွေကပဲ ဒီpelco fish တွေ တစ်နေနဲ့တစ်နေရာ သွားလာပြီးတွယ်ကပ်နေအောင် နဲ့ အစားအစာများကိုစုပ်ယူစားသောက်နိုင်အောင် ထောက်ပံ့ပေးကြပါတယ် သူတို့တွေဟာ သစ်ဆွေးတုန်း ကျောက်တုန်းတွေကို တွယ်ကပ်နေကြတာကို နှစ်သက်ကြပြီး မှန်ကန်နံရံတွေကိုလဲ တွယ်ကပ်နေနိုင်ကြပါတယ်
Pelco fish တွေဟာ အစုံစားသတ္တဝါများဖြစ်ကြပြီး အဓိကအားဖြင့် ရေညှိကိုစားသောက်ကြပါတယ် ဒါ့အပြင် ပါးစပ်နားရောက်သမျှ အတည်အနှစ်တွေ အကျိအချွဲ စတာတွေကို စုပ်ယူပြီး စားလို့မရတဲ့အရာတွေကိုပြန်မှုတ်ထုတ်ပါတယ် အစုံစားသတ္တဝါဖြစ်တဲ့အတွက် ငါးကန်ထဲကအပင်နဲ့ ငါးအသေတွေကိုပါစားသုံးပါတယ် သူတို့ဟာ အခြားငါးတွေကိုတိုက်ခိုက်မှုကရှားပါးပါတယ် ဒါပေမဲ့ ကိုယ်ခန္ဓာကထွက်တဲ့အကျိအချွဲတွေကိုလိုက်စုပ်ယူတတ်၍ အခြားငါးများကို ဒဏ်ရာဖြစ်စေပြီးပိုးဝင်ခြင်းမျှားဖြစ်စေပါတယ် ဒါကြောင့် လျင်မြန်စွာကူးခတ်နိုင်တဲ့ငါးတွေနဲ့ပဲတွဲမွေးသင့်ပါတယ်
Pelco fish တွေကို မွေးမြူမယ်ဆိုရင် ကန်ထဲမှာ ပုန်းခိုနိုင်စရာ နေရာလေးတွေများစွာထားရှိရပါမယ် ညဘက်အလင်းမရှိမှလှုပ်ရှားတဲ့ငါးတွေဖြစ်တဲ့အတွက် အစာကို ညဘက်မီးမပိတ်ခင်ကြိုထည့်ပြီးမှမီးပိတ်သင့်ပါတယ်
Pelco Fish တွေက ရေညှိတွေကိုပဲအဓိကစားပေးပါတယ် ငါးချေးတွေကိုမစားပါဘူး ဒါကြောင့်ရေကိုပုံမှန်လှယ်ပြီး အညစ်အကြေးတွေစုပ်ထုတ်ပေးရပါမယ် လူအများက လွဲမှားနေကြတာက pelco fish ဟာငါးချေးစားတယ်ဆိုပြီး မှတ်ယူနေကြတာပါ
Pelco fish တွေမွေးမယ်ဆိုရင် မျိုးတူငါးတစ်ကောင်ထဲသာ ကန်ထဲထားသင့်ပါတယ် tankmate တွေကလဲ ရန်လိုတဲ့မဖြစ်ဖို့အရေးကြီးပါတယ်
Pelco fish တွေက အကြမ်းခံတယ်ဆိုပေမဲ့ ကန်ထဲထည့်တဲ့ သစ်ဆွေးတုန်း ကျောက်တွေ မသန့်ရှင်းတဲ့အတွက်ကြောင့် ငါးရောဂါရနိုင်ပါတယ် အဖြစ်အများဆုံးရောဂါတွေက ရေမသန့်ရှင်းမှုကြောင့် မျက်စိတိမ်ဆွဲတာ white spot ဖြစ်တာတွေဖြစ်နိုင်ပါတယ် ရောဂါဖြစ်တဲ့ငါးတွေကို ချက်ချင်းဖယ်ပြီး ဆေးကုသကန်ထဲထည့်၍ ကုသပေးရပါမယ်
ခုန်နိုင်တဲ့ငါးတွေဖြစ်တဲ့အတွက် အပေါ်အဖုံးဖုန်းပေးတာဟာအကောင်းဆုံးပါ
Pelco Fish ကိုမွေးခြင်း အားဖြင့် ကန်ထဲမှာရှိတဲ့ရေညှိတွေဟာ ၁ပါတ် အတွင်းသိသိသာသာလျော့ကျသွားတာကိုတွေ့နိုင်ပါတယ် #မှတ်ချက်။ ။Pelco fish တွေမွေးရင် ကန်ထဲ ရေညှိတော်တော်များများရှိမှသာထည့်မွေးကြပါ ရေညှိမရှိဘဲမွေးရင် အစာအစားခက်ခဲမှုကြောင့် အခြားငါးတွေကိုလိုက်စုပ်ယူနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်
"ငါးတိုင်းငါးတိုင်းရဲ့ အလှတရားတွေကို ခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ခု post လေးကို နိဂုန်းချုပ်ပါရစေဗျာ"

Post a Comment