Oscar Fish
အော်စကာငါးတွေကတော့ ငါးမွေးသူအများစုကြားထဲမှာခေတ်စားခဲ့တဲ့ငါးဖြစ်ပါတယ်
ခုထိလဲခေတ်စားနေတုန်းပါပဲကျွန်တော်အပါအဝင်ဒီငါးတွေကိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ မှတ်ဉာဏ်ကောင်းတယ်လို့ပြောရလောက်အောင်သခင်အရမ်းသိပါတယ် အစာတောင်းတဲ့ပုံစံလေးတွေကလဲနှစ်သက်စရာလေးတွေပါ
ပုံစံကလဲကြည့်လိုက်ရင် ခန့်ခန့်ထည်ထည်နဲ့တည်တည်ငြိမ်ငြိမ်ရှိပါတယ် ရေကူးပုံကအစ အခြားငါးတွေလိုပြာယာခက်မနေပါဘူး ဒါကလဲကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်ပေါ့
အော်စကာငါးတွေက ရေချိုမှာပဲတည်ရှိနိုင်တဲ့ငါးတွေပါ
ရေချိုဖြစ်ရမဲ့အပြင် မွေးထားတဲ့ရေကလဲ ညစ်ပတ်နေလို့မရပါဘူး အမြဲသန့်ရှုင်းနေမှကြိုက်တဲ့ငါးတွေပါ
နောက်တစ်ခုကန်ကလဲ ငါးကြီးမျိုးဖြစ်တဲ့အတွက်ကြောင့် အကျယ်အဝန်းတော်တော်များများလိုပါတယ်
အနည်းဆုံး ၃ပေတစ်ပေခွဲလောက်ပေါ့
အော်စကာငါးတွေက ၁၈လက်မအရွယ်ထိကြီးနိုင်တဲ့ငါးမျိုးတွေဖြစ်ပါတယ် ကြီးထွားမှုကလဲမြန်ဆန်ပါတယ် ပျှမ်းမျှ တစ်လကိုတစ်လက်မနှုန်းခန့်ကြီးထွားကြတယ်လို့လဲပြောကြပါတယ်
ကြီးထွားမှုမြန်ဖို့အစာကိုလဲဂရုစိုက်ကျွေးရပါတယ်
အစာခြောက် အစာစို(အသားငါး) အသိးအနှံ စတာတွေကိုလိုအပ်သလိုခြင့်ချိန်ကျွေးနိုင်ရပါမယ်
4လက်မအရွယ်အောက်တွေဆို ဖွံ့ဖြိုးနှုန်းအမြန်ဆုံအရွယ်ဖြစ်တဲ့အတွက်ကြောင့်အစာကို ခဏခဏကျွေးတာအကောင်းဆုံးပါ ၄လက်မကျော်သွားရင်တော့ တစ်နေ့၃ကြိမ် ၂ကြိမ် စသည်ဖြင့် ချိန်ကျွေးပါ
အစာရှင်တော့မကျွေးစေချင်ပါဘူး ဘာလို့လဲဆိုတော့ ကျွေးတဲ့အစာရှင်ဟာ နေမကောင်းတာပဲဖြစ်ဖြစ် ရောဂါပါနေတာပဲဖြစ်ဖြစ် ဒါဆိုအဲ့ငါးကနေတစ်ဆင့် ကိုယ့်ရဲ့ငါးလေးတွေစီကို ရောဂါကူးစက်ပြီးနေမကောင်းဖြစ်စေပါတယ်
နောက်တစ်ချက်က အစာရှင်ကျွေးလျှင် ငါးဟာ အစာအရှင်တွေကိုပဲတပ်မက်လာပြီး အခြားအစာခြောက် စတာတွေကိုမစားတော့ပါဘူး ငါးပိုင်ရှင်အတွက် အမြဲအကုန်အကျများပြီး အလုပ်ရှုပ်စေပါတယ်
ဘာပဲဖြစ်ဖြစ် ဘယ်အစာပဲကျွေးကျွေး ၁၅မိနစ်အတွင်းမကုန်တဲ့ ကျန်တဲ့အစားအစာတွေကို ဖယ်ထုတ်ပေးရပါတယ်
အစာဟောင်းအကြွင်းအကျန်တွေကငါးတွေကို ကျန်းမာရေးထိခိုက်စေပြီးသေသည်အထိဖြစ်တတ်ပါတယ်
နောက် အော်စကာတွေကအစားစားသလောက် မစင်စွန့်ပစ်မှုကလဲအရမ်းများပါတယ် ဒါကြောင့် မိမိကန်နဲ့လိုက်ဖတ်မယ့် အရေအသွေးကောင်းမွန်တဲ့ filter စနစ် biofilter စနစ်စတာတွေကိုတပ်ဆင်ဖို့အကြုံပြုပါတယ်
အော်စကာငါးတွေကလအုပ်စုလိုက်နေရတာကိုသဘောကျကြပါတယ် ဒါကြောင့်မွေးမယ်ဆို ၃ကောင်အနည်းဆုံးမွေးမြူသင့်ပြီး ကိုယ့်ရဲ့ငါးကန်အပေါ်မူတည်ပြီး ထပ်ထည့်ပေးရပါမယ်
*ရေအမျိုးအစား =ရေချို
*ကန်အရွယ်အစား = အရွယ်ရောက်ပြီးငါးတစ်ကောင်အတွက် အနည်းဆုံး ဂါလံ၅၀ဆန့်ကန်
*ငါးအရွယ်အစားအကြီးဆုံးဆိုဒ် =18လက်မ
*အစာကျွေးရန် = အစာခြောက် အစာစို (ငါးအသေး ပုစွန် အသီးအနှံ etc:) အစာအရှင်
*Tankmate = အခြားငါးကြီးစစ်စလစ်မျိုးနွယ်စု catfish အကြီးမျိုး Pacu
*ဂရုစိုက်မှု =၃ရက်တစ်ခါ တစ်ပါတ်တစ်ခါ ၃ပုံပုံ ၂ပုံ ရေလှယ်ပေးရန် ကောင်းမွန်သော ရေသန့်စင်မှုစနစ်တပ်ဆင်ပေးရန် အောက်စီဂျင်လုံလောက်စွာပေးရန်
ခုန်တတ်သောငါးမျိုးဖြစ်၍ အဖုံးပါသော ငါးကန်များတွင်သာမွေးမြူရန်(အဖုံးတပ်ဆင်ပေးရန်)
*အုပ်စုဖွဲ့နေသောငါးဖြစ်၍ အနည်းဆုံး ၃ကောင်ခန့် မွေးမြူရန်
*သားဖောက်မှု =အထီးအမ သိရန်မလွယ်ကူသဖြင့် အနည်းဆုံး ၆ကောင်ခန့်ထားရမည် တွဲနေသောငါးများကိုခွဲကာသားဖောက်နိုင်သည်
#မှတ်ချက်။ ။ အသားစားငါးကြီးမျိုးဖြစ်ကာ ထိန်းသိမ်းရန်ခက်ခဲမှုကြောင့် ငါးစမွေးသူများမမွေးမြူသင့်ပါ
GU GU&GI GI PAGE မှကူးယူဖော်ပြသည်။

Post a Comment