Fighter Breeding
တိုက်ငါးသားဖောက်ခြင်း
(Credit To Uncle Soe Htut Tin)
Breeding Betta
အသက် 12 weeks တွင်သားစဖေါက်နိုင်ပါသည်
20 to 30 weeks quality ထင်ရှားလာပါသည်
အကောင်းဆုံးကိုရွေးဖေါက်ပါ
ဖေါက်ငါးများရေသန့်သန့်တွင်မွေးပါ
ရေတီသန့်သန့် Frozen Blood Worms
တဝ တနေ့၃ ခါလောက်ကြွေးပါ
အရွယ်ရောက်သောအထီး bubble nest
လုပ်လေ့ရှိပြီး ဥဥရန် အဆင်သင့်ဖြစ်သောငါးမ
၏ဝမ်းဘိုက်သည်လုံးဝန်းနေပြီး ဥပြွန်အဖြူကလေး
ပြူ ထွက်နေပါမည်။အထီးအမရွယ်ညီရပါမည်
Best temperature 27 to 28 C ဖြစ်
ပါသည်
Uncle ဖေါက်ကန် 2ftx8inx8in သုံးပါသည်
water height 4 inches ထားပါသည်
ကန်ထောင့်တွင်ရေပေါ်ပင် plasticစ ဖယောင်း
စက္ကူ တစ်လက်မပတ်လည်ခန့်အသိုက်လုပ်ရန်
ထဲ့ထားပါ။ဖေါက်ကန်ကို ကဒ်ထူ သို့မဟုတ်
ကျောက်ပြား,မှန် တို့ဖြင့်အပြည့်ဖုံးထားပါ
အထီးကိုဖေါက်ကန်ထဲထဲ့ပါ
အသိုက်လုပ်နေစဉ်အမထဲ့ထားသောကန်ကို
အထီးမြင်သာအောင်ဖေါက်ကန်နှင့်ထိထားပါ
မနက်စောစောအမကိုဖေါက်ကန်ထဲလွှတ်ပါ
Betta သဘာဝအတိုင်းဥဥခါ ဥများကိုအထီး
တခါတလေအမကပါအသိုက်ထဲပါးစပ်တွင်ငုံ၍
တင်ပေးပါမည်။ဥဥပြီးပါကအမကိုအသိုက်နှင့်
ဝေးရာသို့အထီးက နှင်ထုတ်ပါမည်,ထိုအခါငါး
မကိုထုတ်လိုက်ပါ။ငါးမကို acriflavine ဆေး
ဝါစိမ်ပုံမှန်အစာကြွေးပါ 2 weeks အကြာပြန်
ဖေါက်နိုင်ပါသည်။ငါးကန်အဖုံးဆက်ဖုံးထားပါ
Raising fry
ဥဥပြီး 27C အပူချိန်တွင် 36 hours အကြာတွင်
အကောင်ပေါက်ပါသည်ရေမကူးနိုင်သေးပါ
နောက်ထပ်48hours အကြာရေစကူးပါမည်
အထီးထုတ်ပါ Acriflavine ဆေးစိမ်အစာပုံမှန်ကြွေးပါ
Betta fry ကိုငုံးဥ အကြက်ပြုပ်အနှစ်မီခြစ်ဆံခေါင်းလောက်
ပိတ်ပါးပါးတွင်ထဲ့ရေတဖန်ခွက်တွင်ဖျော်ပြီးမနက်ည၂ကြိမ်
ကြွေးပါ။Biofoam filter တခုစသုံးပါ,ငုံးဥ ၃ ရက်
ကြွေးပါ Nana Baby Betta မီးခြစ်ဆံခေါင်းခန့်
တနေ့၂ကြိမ်ကြွေးပါ,Artemia ပေါက် တရက်သား
ကို ရ ရက်ကြာမှစကြွေးပါ,အစာကြွေးစဉ် လေမှုတ်စက်
မိနစ်၃၀ခန့်ပိတ်ထားပါ,Uncle Artemia အစား
Daphnia ရေပိုးနီ ၇ ရက်ခန့်စကြွေးပါသည်
ရေတီဆွဲနိုင်လျင်စိတ်ချရပါပြီ
ရေ ၃၀% ၃ ရက်တခါလဲပါ
Fry များ ၇ ရက်ကြာမှလေထုထဲကလေရှူ နိုင်၍
ရေမျက်နှာပြင်ပေါ်မှဖုံ (scum)များကိုစက္ကူ ပါး
ပါးပါးသုံး၍ရေမျက်နှာပြင်ပေါ်ဖြတ်ဆွဲသန့်စင်ပါ
ငါးကန်အမြဲဖုံးထားပါ
Best of luck
Soe Htut Tin

Post a Comment