မီးပျက်၍သေသောငါးနှင့်ကိုယ်တစ်ယောက်ထဲကြောင့်တော့မဟုတ်ဖူး
Crd to Ye Naing Tun(ဝူပေါက်)
မီးပျက်၍သေသောငါးနှင့်ကိုယ်တစ်ယောက်ထဲကြောင့်တော့မဟုတ်ဖူး(EPC)
ဟာကွာ ငါးတွေသေကုန်ပြီဟေ့ ညကတစ်ညလုံးမီး ပျက်တာ . ငါးမွေးသူများမကြာခဏကြားဖူးတွေ့ဖူး သောဖြစ်အပျက်ပါ. ဟုတ်ပါပြီမီးပျက်လို့သေတာ EPC ရဲ့စနက်တစ်ခုထဲလား ဒ့ီပြင်လက်သည်တခြား ဘယ်သူတွေပါသေးလဲ ရှာကြည့်ရအောင်
မီးပျက်၍သေသောငါးတိုင်းဟာ အောက်ဆီဂျင်ပြတ် ပြီးသေကြရတာပါ ဘာလို့အောက်ဆီဂျင်ပြတ်လဲ သူ များတွေကြမဖြစ်ပဲ ငါ့ငါးကန်ကြမှ အောက်ဆီဂျင်ပြတ် ရတာတုံး ပြဿနာ ရဲ့ဇစ်မြစ်ကတော့ ရေ ရဲ့အရေအသွေးပါ ငါးတွေမီးပျက်လို့သေပြီဟေ့ဆို အဲ့ငါး ကန်ရဲ့အရေအသွေးက အဆိုးဆုံးအနေအထား ဖြစ်နေတာများပါတယ် နာမ်ပတ် ၁ က ငါးများလို့ ကန် ကြပ်လို့ပါ ဒါကတော့ရေနိုင်နိုင်လဲမှ အဆင်ပြေမှာပါ တစ်ချို့က ငါးလည်းမများဘူး ကန်နဲ့ငါးနဲ့အချိုးအစားအကိုက်လောက်ပဲ ဒါပေသိ့ တစ်ညလောက်မီးပျက်တော့ ငါးတွေ ဂန့်ရော ဘာများမှားနေ
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပြောသလိုဖြစ် နေမှာဆိုးလို့ ဟေ့ကောင်ငါ့ငါးတွေက မင်းငါးတွေလို ချီးအတုံးလေးတွေ မပါဘူးထင်တယ်ကွ ငါစုပ်ထုပ်ဖို့ကြည့်တိုင်း မတွေ့ဖူးကွ အရည်တွေများပါလေရော့လားကွာ ဒါနဲ့ ကျွန်တော် သူအိမ်လိုက်ကြည့်ပါ တယ် ငါးရေတွေက ဝါထိန်နေတာ မွေးထားတာက ရွှေငါး၇ကောင် ကန်က ၃ပေ ၁ပေခွဲ နောက် ၃ပေ ၁ပေ ကန်တစ်ကန်မှာ ဟွန်း ၂ကောင် ကန့်ထားတယ် အစာလေးတွေကလည်းဘောလောပေါ်လို့ ရေသန့်စက်တပ်ထားတယ် ၂ ကန်လုံး ဒါနဲ့ ကြည့်လိုက်တော့ ရှေ့ကလေထွက်ပေါက်ဖွင့်ထားတယ် အဲ့တော့ ငါးကန်ထဲမှာ မုန်တိုင်းကျနေသလိုပဲ ငါးပါတဲ့ချီးကို ရေနဲ့ တစ်ခါထဲ အရည်ဖျော်ပြီးသား ရေစစ် က ရီုးရီုးဖော့တုံးနဲ့ စစ်ထားတယ် သိပ်လည်းဆေးပုံမရဘူး ဒါနဲ့ပဲ filter တွေထုပ် လေမှုတ်ပေါက်တွေပိတ် ဖော့တွေဆေး ရေလယ်ဘယ် သတ်မှတ်ပေး လုပ် ပေးတော့ သူက ဟေ့ကောင်အောက်ဆီဂျင်ဘယ်မှာလဲ ငါ့ငါးတွေ အောက်ဆီဂျင်မရတော့ဘူးနော် သေကုန်လိမ်မယ့် သူကလေထွက်ပြီးတွန်းနေမှ အောက်ဆီဂျင်ရတယ်ထင်နေတာကိုး အဲ့ဒါနဲ့ အောက်ဆီဂျင် ဆိုတာ ရေလှုပ်နေရေကျနေယုံနဲ့ ရ၂ယ် ရေကို နှောက်နေမှ အောက်ဆီဂျင်ရတာ မဟုတ်ကြောင်းရှင်းပြရသေးတယ် အစာလည်း အများကြီးမကြွေးဖို့ ရွှေငါးကန်ကိုလည်း ၂ရက်တစ်ခါရေတစ်ဝက်လဲ
Fh ကို ၁၀ တစ်ခါ ရေတစ်ဝက်လဲရမည်ဖြစ်ကြောင်း
ပြောပြပါတယ် ငါးချီးလည်းနေ့တိုင်းထုပ်ရန်မှာခဲ့ပါ တယ် နောက်နေ့မနက်ကျတော့ ဖုန်းဆက်ပါတယ် ဟေ့ရောင် ဝူပေါက် ငါ့ငါးတွေ ချီးအတုံးလိုက်ပြန်ပါပြီကွတဲ့ နောက်တစ်လလောက်နေတော့ မီးတစ်နေကုန်ပျက်တာ အေးဆေးပဲဟတဲ့ အဲဒီ့တော ခုချိန်က နွေရောက်တော့မှာဆိုတော့ ကျွန်တော် ပြောတာလေးတွေ စစ်ကြညိ့ဗျာ ငါ့ကန်ထဲကငါးတွေ မီးပျက်သွားရင်ဘယ်လောက်အထိနေနိုင်သလဲ ရေ ကွာလတီ တော်တော်လျှော့နေပလား စစ်ကြည့်ပေါ့ မီးပျက်ပြီးသိပ်မကြာခင် ငါးလေးတွေ ရေပေါ်တက်အသက်ရူလာတယ်ဆိုရင်တော့ ကျွန်တော် ပြောတာတွေ လုပ်ကြည့်ပေါ့ဗျာ
အားလုံးပဲ EPC ကို ဆဲဆိုရခြင်းမှ ကင်းဝေးကြပါစေ
ဝူပေါက်

Post a Comment