Angel Fish
Angelfish တွေကတော့ ရိုးရိုးယဉ်ယဉ်အေးအေးဆေးဆေးနေတတ်သူတွေအကြိုက်ဆုံးငါးပေါ့ဗျာ နောက်ပြီး မှန်ကန်တဲ့ရေအပူချိန် ကန်အကျယ်အဝန်း ရေph မှာသာမွေးမြူရင်တော့ ထိန်းသိမ်းမှုသိပ်မခက်ခဲသောငါးအမျိုးအစားပဲဖြစ်ပါတယ်
အချိန်လဲသိပ်မပေးရ ရေလဲဖို့လဲအခက်အခဲသိပ်မဖြစ်ဘူးဆိုတော့ အလှမွေးငါးမွေးချင်ပေမဲ့ အလုပ်အရမ်းရှုပ်သူတွေအတွက် အလွန်သင့်တော်ပါတယ်
ဒီတိုင်း ငါးကန်ထဲပဲမွေးမလား အပင်ကန်ထဲပဲထည့်မလား ဘယ်လိုမွေးမွေး အဆင်ပြေနေပါတယ်
အစာဆိုလဲမရွေးဘူး ရေခဏခဏလဲမလှယ်ပေးရဘူး ရေညစ်ပတ်မှာလဲမစိုးရိမ်ရဘူး အဲ့လိုမျိုးတွေလိုအပ်ချက်သိပ်မရှိဘူးဆိုတော့ ငါးမွေးသူကြားထဲမှာ Angelfish ဆိုတဲ့နာမည်နဲ့တင့်တယ်နေတာပေါ့ဗျာ
Angelfish ခန္ဓာကိုယ်ပုံစံက ခန္ဓာကိုယ်ပြားပြား အတောင်ကားကား နှုတ်သီးချွန်ချွန် ထိပ်ပြောင်ပြောင်နဲ့ပေါ့ဗျာ
အရောင်တွေကလဲ အဖြူ အမဲ အဝါ လိမ္မော် ဖြူမဲအကြား အဝါဖြူအကွက်စသည်ဖြင့် မျိုးစုံရှိကြပါတယ်
*ရေအမျိုးအစား = ရေချို ph 6.5 – 7.1
*ရေအပူချိန် = 78°F-80°F
*ကန်အရွယ်အစား = အနည်းဆုံး ဂါလံ ၂၀မှ ၅၀ဂါလံကန်ကျယ်အဝန်း (2’1.5′ or 3′ 1.5′)
ရေအမြင့်ကိုပိုကြိုက်ကြပါတယ်
*အစာရွေးချယ်မှု = အစာခြောက် အစာစို(ရေတီ ပိုးလောက်လန်း) စပ်စာ
*Tankmate = Neon tetra/ Clown loach/ Rams/ Pearl gourami/ ( အချို့က ရွှေငါး fightet ဒေါင်း စတာတွေနဲ့တွဲမွေးတတ်ကြတယ် အဲ့လိုမွေးမြူနည်းဟာ မသင့်တော်ပါဘူး Angelfish တွေ အဲ့လိုငါးတွေရဲ့အမြှီးအတောင်များကို လိုက်ဆိတ်တတ်ပါတယ်)
*အုပ်စုလိုက်နေသောငါးအမျိုးအစားလဲဖြစ်ပါတယ် အနည်းဆုံး၆ကောင်ထည့်ပေးရပါမယ်(Angelfish ချည်းသီးသန့်မွေးတာအကောင်းဆုံးပါ)
*အသက်ကြာရှည်နေထိုင်နိုင်မှု = 8-10 yrs
*အကြီးဆုံးအရွယ်အစား = အထက်အောက်အမြင့် ၁၂လက်မ ပါးစပ်ကနေ အမြှီးထိ အရှေ့အနောက် ၆လက်မ အရွယ်ထိရှိကြပါတယ်
*သားဖောက်ခြင်း =အထီးတွေက အမထက် ခန္ဓာကိုယ်အဝိုင်းပိုကြီးခြင်း ရှေ့နဖူးမိမောက်ခြင်း စအိုဝက လိင်တံချွန်ခြင်း အောက်အမျှင်မြှီးတောင်မှ အခွဖြစ်ခြင်း
အမတွေကအထီးထက် ခန္ဓာကိုယ်အဝိုင်းသေးခြင်း ရှေ့နဖူးခပ်လျှောလျှောဖြစ်ခြင်း လိင်တံတုံးခြင်း(လုံးခြင်း) အောက်အမြှီးတောင်တစ်ေုဖာင့်ထဲဖြစ်ခြင်းဖြင့်ခွဲနိုင်ပါတယ် Angelfish တွေက သားပေါက်ဖို့အတွက် သူ့ဘာသာသူ့ကြင်ယာကိုရွေးချယ်ကြပါတယ် သားဖောက်မယ်ဆို အနည်းဆုံး၆ကောင်လောက်ထည့်ပြီး အတွဲရွေးပြီးပြီဆိုမှ သပ်သပ်ခွဲဖောက်တာအကောင်းဆုံးပါ သားဆိပ်တက်တဲ့အခါ အခြားငါးတွေကိုရန်ရှာခြင်း အနာတရဖြစ်အောင်လုပ်ခြင်းတို့ဖြစ်စေပါတယ်
Angel အမတွေဥဥတဲ့အခါ သစ်ရွက်အရွက်ကြီးကြီး ဒါမှမဟုတ် ကျောက်သင်ပုန်း ကျောက်ပြားအဲ့လို တွေပေါ်မှာ ဥချပါတယ် ဥချတဲ့အခါမှာလား ပတ်ဝန်းကျင် ရေPh temperature စတာတွေပေါ်မှာမူတည်ပြီး ဥချမှုအနှေးအမြန် အနည်းအများ ဥကိုပြန်စားမစား စောင့်ကြည့်ရပါတယ် အထီးရောအမရောက သားထိန်းနိုင်ကြတဲ့အတွက် အထီးအမထုတ်စရာမလိုပါဘူး
*ဂရုစိုက်မှု = ၇ရက်တစ်ခါ ရေလှဲပေးရပါမယ် ရေလှဲတဲ့အခါ ရေအပူချိန်တူညီစေရန်ဂရုပြုပါ
ရေph ကိုသတ်မှတ်ထားတဲ့ အတိုင်းအနီးစပ်ဆုံးနဲ့မွေးမြူပေးရပါမယ် ရေအပူချိန်ချက်ချင်းပြောင်းလဲမှုကိုခံနိုင်ရည်မရှိကြပါဘူး
#မှတ်ချက်။ ။အစာခြောက် မရွေးချယ်မှု ကြောင့် အခုမှငါးစမွေးသူရော ငါးမွေးသက်အတော်အတန်ကြာသူများအတွက်ပါသင့်တော်ပါတယ်

Post a Comment